ဟိုတုန်းကပေါ့
ခုလိုsundayညနေဆို
ဘောကန်ရေချိုး ထမင်းဆိုင်ကိုအမြန်ဒိုးလို့
မောင်းထိုးဖို့အပြေးအလွှား
ကြေးစာရွက်အတွက် ဂျာနယ်နဲ့မျက်နှာအပ်ခါ
စီးကရက်သောက် ဂစ်တာခေါက်ရင်း
မောင်းပေါက်ဖို့စိတ်ကူးတွေယဉ်ခဲ့တယ်လေ........။
မျှော်လင့်ချက်တွေနဲ့လက္ဘက်ရည်ဆိုင်ထိုင်
ရင်ခုန်စွာကြည့်ခဲ့ရတဲ့(premier league)
ကိုယ်ရွေးတဲ့အသင်းအားပေးရင်း
တောက်တခေါက်ခေါက် ခေါင်းမီးတောက်ခဲ့ရတဲ့sunday.........။
မန်ယူနဲ့အာဆင်နယ်ကို
အာဆင်နယ်အတွက်သွေးကြွေးဆပ်ဖို့
ပယ်ပယ်နယ်နယ်ကိုပေါင်ပြီးလောင်းလိုက်တယ်
ကြေးကတစ်လုံးငါးဆယ်ရှုံး
သို့သော်
အလုံးသုံးဆယ်အသွင်းခံရမှတော့
ကျွန်တော့ဘ၀ဘာဖြစ်သွားလဲ
စဉ်းစားကြည့်ကြပါတော့ဗျာ..............။
No comments:
Post a Comment