Blogger Widgets
  • Followers

    Sunday, September 9, 2012

    ယာယီချစ်သူ


    တည်ငြိမ်နေတဲ့ ကန်ရေပြင် နောက်ကျိ
    လမ်းဘေးအမှိုက် ခဲတစ်လုံးပစ်ခတ်
    အပြုအမူတိုင်းတွက် ခွင့်ပြုပေးမယ့်
    နှလုံးသားတစ်စုံ ထုဆစ်ဖို့
    မခံချင်စိတ်နဲ့ မာနတွေက
    သည်းခြေပျက်အောင် ရူးနေပြီ။
    ဇာတ်လမ်းတွေ စချင်တိုင်းစ
    လျှာရိုးမရှိ ပြောချင်တိုင်းပြော
    အပြီးသတ်ဇာတ်သိမ်းမှာ ရူးသွားခဲ့တဲ့
    ဇာတ်ကောင်စရိုက်တွေနဲ့
    ဗြဲလရမ်း၊ အပေါစားအချစ်တွေ
    ငါလိုက်ကောက်ရအောင်
    အရှက်တရား ပေါများမနေဘူး။
    မုန်းမေ့လိုက်တော့ လမ်းခွဲစကား
    ပေါ့ပေါ့လေး ပြောထွက်သွားခဲ့သူ
    အစိမ်းသက်သက် စကားလုံးတွေအောက်
    ခံနိုင်ရည် အရည်ပျော်အမှတ်
    ဝ˚ဃ အောက် ကျရောက်နေပြီ။
    ဘဝတွေတိုင်းအတွက် လက်တွဲဖော်အဖြစ်
    ”ယာယီ” တံဆိပ်ရိုက်
    အပြောင်းအလဲတရားတွေ လွယ်လင့်တကူ
    ဖြစ်ပျက်သွားပေမယ့်
    ငါ့မှတ်ဥာဏ်တွေ သံမှိုတွေလို
    တစ်ခါရိုက်နှိပ်ရုံနဲ့ တစ်သက်စွဲထင်သွားခဲ့လို့
    လမ်းပြခွဲခွာသွားခဲ့တဲ့ ကျောပြင်တစ်နေရာ
    ”အမုန်း” ဆိုတဲ့ စာသားထာဝရ ဆွဲချိတ်ထားလိုက်ပြီ။

    Read more ...

    Saturday, September 8, 2012

    ရင်ခုန်ဖွယ် sunday


    ဟိုတုန်းကပေါ့
    ခုလိုsundayညနေဆို
    ဘောကန်ရေချိုး ထမင်းဆိုင်ကိုအမြန်ဒိုးလို့
    မောင်းထိုးဖို့အပြေးအလွှား
    ကြေးစာရွက်အတွက် ဂျာနယ်နဲ့မျက်နှာအပ်ခါ
    စီးကရက်သောက် ဂစ်တာခေါက်ရင်း
    မောင်းပေါက်ဖို့စိတ်ကူးတွေယဉ်ခဲ့တယ်လေ........။
    မျှော်လင့်ချက်တွေနဲ့လက္ဘက်ရည်ဆိုင်ထိုင်
    ရင်ခုန်စွာကြည့်ခဲ့ရတဲ့(premier league)
    ကိုယ်ရွေးတဲ့အသင်းအားပေးရင်း
    တောက်တခေါက်ခေါက်  ခေါင်းမီးတောက်ခဲ့ရတဲ့sunday.........။
    မန်ယူနဲ့အာဆင်နယ်ကို
    အာဆင်နယ်အတွက်သွေးကြွေးဆပ်ဖို့
    ပယ်ပယ်နယ်နယ်ကိုပေါင်ပြီးလောင်းလိုက်တယ်
    ကြေးကတစ်လုံးငါးဆယ်ရှုံး
    သို့သော်
    အလုံးသုံးဆယ်အသွင်းခံရမှတော့
    ကျွန်တော့ဘ၀ဘာဖြစ်သွားလဲ
    စဉ်းစားကြည့်ကြပါတော့ဗျာ..............။
    Read more ...

    ချစ်သူငယ်ချင်းရေ



    ချစ်သူငယ်ချင်း

    မင်းလျှောက်မယ့်လမ်း ဘယ်လိုပင်ကြမ်း

    မင်းရည်ရွယ်ချက် ပန်းတိုင်ရောက်အောင်

    လှမ်းလျှောက်နေပါ………။


    ဘ၀တကွေ့ ကြုံတွေ့ရမယ့်

    အခက်အခဲတွေ ဘယ်လောက်ပင်များ

    ကြုံလာသမျှ အခက်အခဲများ

    မင်းအပြုံးနဲ့ ဆီးကြိုလိုက်ပါ……။


    မင်းရည်မှန်းချက် မရောက်ခင်ချိန်

    အဖျက်အမှောက် ကြုံလာရမှာ

    ဓမ္မတာမို့ မတုန်လှုပ်နဲ့

    ကျော်လွှားရမှာ မင်းတာဝန်ပါ….။


    မင်းဘေးကနေ ကောင်းတူဆိုးတူ

    အစဉ်ထာဝရ  ရှိနေပေးမယ့်

    သူငယ်ချင်းကောင်း ငါတစ်ယောက်ပါ

    အားတင်းထားလိုက် ချစ်သူငယ်ချင်း………။

                 

    တနေ့တချိန် မင်းရည်မှန်းချက်

    ရောက်လာခဲ့သော် မာန်မာနများ

    မထောင်လွှားနဲ့ ပြုတ်ကျတတ်တယ်

    သူငယ်ချင်းရေ ……….။


    လူအောက်ကျို့လို လူမပိသေ

    ဆိုတဲ့စကား မင်းကြားဖူးမှာ

    ထိုစကားလေး နားထဲစွဲနေ

    ချစ်သူငယ်ချင်းရေ………….။


    Read more ...