Blogger Widgets
  • Followers

    Saturday, September 8, 2012

    ချစ်သူငယ်ချင်းရေ



    ချစ်သူငယ်ချင်း

    မင်းလျှောက်မယ့်လမ်း ဘယ်လိုပင်ကြမ်း

    မင်းရည်ရွယ်ချက် ပန်းတိုင်ရောက်အောင်

    လှမ်းလျှောက်နေပါ………။


    ဘ၀တကွေ့ ကြုံတွေ့ရမယ့်

    အခက်အခဲတွေ ဘယ်လောက်ပင်များ

    ကြုံလာသမျှ အခက်အခဲများ

    မင်းအပြုံးနဲ့ ဆီးကြိုလိုက်ပါ……။


    မင်းရည်မှန်းချက် မရောက်ခင်ချိန်

    အဖျက်အမှောက် ကြုံလာရမှာ

    ဓမ္မတာမို့ မတုန်လှုပ်နဲ့

    ကျော်လွှားရမှာ မင်းတာဝန်ပါ….။


    မင်းဘေးကနေ ကောင်းတူဆိုးတူ

    အစဉ်ထာဝရ  ရှိနေပေးမယ့်

    သူငယ်ချင်းကောင်း ငါတစ်ယောက်ပါ

    အားတင်းထားလိုက် ချစ်သူငယ်ချင်း………။

                 

    တနေ့တချိန် မင်းရည်မှန်းချက်

    ရောက်လာခဲ့သော် မာန်မာနများ

    မထောင်လွှားနဲ့ ပြုတ်ကျတတ်တယ်

    သူငယ်ချင်းရေ ……….။


    လူအောက်ကျို့လို လူမပိသေ

    ဆိုတဲ့စကား မင်းကြားဖူးမှာ

    ထိုစကားလေး နားထဲစွဲနေ

    ချစ်သူငယ်ချင်းရေ………….။


    Post Comment

    No comments:

    Post a Comment