Blogger Widgets
  • Followers

    Showing posts with label သူငယ်ချင်း. Show all posts
    Showing posts with label သူငယ်ချင်း. Show all posts

    Saturday, September 8, 2012

    ချစ်သူငယ်ချင်းရေ



    ချစ်သူငယ်ချင်း

    မင်းလျှောက်မယ့်လမ်း ဘယ်လိုပင်ကြမ်း

    မင်းရည်ရွယ်ချက် ပန်းတိုင်ရောက်အောင်

    လှမ်းလျှောက်နေပါ………။


    ဘ၀တကွေ့ ကြုံတွေ့ရမယ့်

    အခက်အခဲတွေ ဘယ်လောက်ပင်များ

    ကြုံလာသမျှ အခက်အခဲများ

    မင်းအပြုံးနဲ့ ဆီးကြိုလိုက်ပါ……။


    မင်းရည်မှန်းချက် မရောက်ခင်ချိန်

    အဖျက်အမှောက် ကြုံလာရမှာ

    ဓမ္မတာမို့ မတုန်လှုပ်နဲ့

    ကျော်လွှားရမှာ မင်းတာဝန်ပါ….။


    မင်းဘေးကနေ ကောင်းတူဆိုးတူ

    အစဉ်ထာဝရ  ရှိနေပေးမယ့်

    သူငယ်ချင်းကောင်း ငါတစ်ယောက်ပါ

    အားတင်းထားလိုက် ချစ်သူငယ်ချင်း………။

                 

    တနေ့တချိန် မင်းရည်မှန်းချက်

    ရောက်လာခဲ့သော် မာန်မာနများ

    မထောင်လွှားနဲ့ ပြုတ်ကျတတ်တယ်

    သူငယ်ချင်းရေ ……….။


    လူအောက်ကျို့လို လူမပိသေ

    ဆိုတဲ့စကား မင်းကြားဖူးမှာ

    ထိုစကားလေး နားထဲစွဲနေ

    ချစ်သူငယ်ချင်းရေ………….။


    Read more ...

    Friday, July 6, 2012

    သို့…သူငယ်ချင်း


    သူငယ်ချင်းရေ

    မင်း ဘယ်ဆီကိုရောက်ရောက်

    တူညီတဲ့ ဟောဒီမိုးကောင်းကင်အောက်မှာ

    မင်းလျှောက်ခွင့်ရဖို့

    မြန်မာပြည်သားမင်းမိဘများက

    အသက်တွေနဲ့ရင်း

    ဘ၀တွေကို တံတားခင်းပေးထားလေတယ်။

    လျှောက်ပေါ့သူငယ်ချင်းရယ်

    လျှောက်သောသူရောက်သတဲ့

    လမ်းလျှောက်ရင်းတော့

    လမ်းမပျောက်စေနဲ့ပေါ့

    နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ

    အတုယူစရာတွေကများ

    ဆေးတစ်ပါးဖြစ်သလို

    ဘေးများလည်းပေါတဲ့နေရာ

    တရိပ်ရိပ်တတ်လာတဲ့ခေတ်ကြီးမှာ

    အမြဲထိန်နေတဲ့မီး

    တစ်ချိန်လုံးလာတဲ့ရေ

    နောက်ဆုံးပေါ်စည်းစိမ်တွေနဲ့

    မိုးမျှော်တိုက်ကြီးတွေရဲ့ကြား

    မင်းစိတ်တွေမှောက်မှားနေမှာစိုးတယ်

    ပညာတွေဘယ်လောက်တတ်တတ်

    စည်းစိမ်ဥစ္စာတွေဘယ်လောက်ရှိရှိ

    အသိမရှိရင်

    အနှစ်မရှိတဲ့ကြက်ဆူလို

    ဟင်းမဖြစ် ထင်းမဖြစ်နဲ့

    နောင်တစ်ချိန်မှာစိတ်ညစ်နေရတတ်တယ်။

    မမေ့ပါနဲ့သူငယ်ချင်းရယ်

    မြန့်မာ့အမွေအနှစ်တွေနဲ့

    မြန့်မာ့ရိုးရာဓလေ့

    သိပ်ချစ်စရာတွေနဲ့ပြည့်နေသလို

    မင်းမိဘများရဲ့အိမ်

    တဲအိမ်မဟုတ်

    ပျဉ်ထောင်အိမ်မဟုတ်

    တိုက်အိမ်မဟုတ်

    မီးမမှန် ရေမမှန်

    ခေတ်မဆန်ပေမယ့်

    ၂၄ နာရီလင်းထိန်

    မေတ္တာဓာတ်နဲ့ဆောက်ထားတဲ့အိမ်

    တစ်ချိန်မှာမင်းပြန်လာနိုင်ဖို့

    အားလုံးကမေတ္တာပို့ဆုတောင်းနေကြတယ်။

    Read more ...