Blogger Widgets
  • Followers

    Friday, July 20, 2012

    တောသူ


    ပဒုမ္မာ ကြာနံ့သင်း
    ကန်တွင်းက ရေသယ်သူ
    ကျေးလက်ရွာသူ။  ။
     လယ်ဘေးကမူ
    ကိုလူပျိုထိုင်စုဝေး
    ပုလွေကို ကြူကြူမှုတ်တယ်
    ခွန်းနှုက်တေး။   ။
     ခေါင်ရမ်းနီ အသာခူး
    မယ့်နဖူး ပန်ကာဆင်
    ရှု့လို့ပိုယဉ်။  ။
     မောင်ကြီးကိုမြင်
    ညဏ်ဆင်လို့ သူပြေး
    မောင်ကြီးပျို အသာလိုက်တော့
    မောဟိုက်မိသေး။   ။
     ရွာအ၀င် ၀ါးရုံနီး
    မောင်ကြီးက ဆီးကာကြို
    တောကအပျို။  ။
     ချစ်ရေးကိုဆို
    မူပိုလို့ ရှက်ရောင်သမ်း
    ပါးကွက်ညို ချွေးစိုစို့အောင်
    ရဲလို့နီမြန်း။   ။

    Post Comment

    No comments:

    Post a Comment