Blogger Widgets
  • Followers

    Sunday, July 8, 2012

    တူညီမှု (ကဗျာပြိုင်ပွဲအတွက်)


    တူညီမှု
    ……………..
    နူးညံ့တဲ့အမေရဲ့လက်က
    နွေးထွေးခဲ့တယ်ဆိုရင်
    ကြမ်းတမ်းတဲ့အဖေရဲ့လက်က
    ငါတို့ကိုလုံခြုံစေခဲ့တယ်…..။
    အသက်ပေးပြီး……
    သားသမီးကိုစောင့်ရှောက်ခဲ့တဲ့
    အမေ့ရဲ့မေတ္တာတွေက
    ရှင်သန်ခဲ့တယ်ဆိုရင်……
    ကြမ်းတမ်းတဲ့ဘဝပင်လယ်မှာ
    ရုန်းကန်ပြီးပျိုးထောင်ပေးခဲ့တဲ့
    အဖေရဲ့မေတ္တာတွေက
    ငါတို့ရဲ့ဘဝတွေကို
    ပြည့်စုံစေခဲ့တယ်………။
    ကြီးမားတဲ့အားနှစ်ခုက
    တူညီတဲ့မေတ္တာရေတွေ
    သားသမီးများရဲ့ဘဝတွေကို
    ပက်ဖျန်းပေးခဲ့ပြီး…….
    သင်္ခါရတစ်ခုရဲ့ပုံဖော်မှု
    အဖေအမေတွေရဲ့ဘဝတွေရော…..။ 
    Read more ...

    Saturday, July 7, 2012

    ချစ်သူသိစေ



    ငိုကြွေးသွားသောလှတစ်မျက်နှာကြောင့်

    ငါ့တစ်သက်စာ ထိခိုက်နာကျင်မှုတွေရသွားတယ်ဆိုရင်

    ဘယ်သူယုံမှာလဲ……

    နာကျင်မှုတွေ ငါမပေးပါပဲ

    ဘာကြောင့် .ချစ်သူဆီ ရောက်ရောက်သွားရသလဲဆိုတာ

    ငါ အခုထိ တွေးလို့ အဖြေ မထွက်သေးဘူး

    လူဆိုတာခြောက်ပစ်ကင်း သဲ လဲ စင် ဆိုတာမျိုး မရှိနိုင်ဘူးဆိုပေမဲ့

    ငါ ချစ်သူ အတွက် အရာရာ ရိုးသားချင်သူပါ

    ဘယ်လောက်ချစ်ပါတယ်ဆိုတာကို

    တိုင်းတာ ပြဖို့ ပေတံမရှိပေမဲ့

    ငါ အရမ်းချစ်ပါတယ်ဆိုတာထက် အရမ်းချစ်ပါတယ်

    အတိတ် အနာဂါတ် ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးလုံးမှာ

    ငါ့ချစ်ခြင်းတွေကို

    ရိုးသားမှုတွေနဲ့ကျားကန်

    ငါ သက်ဆုံးတိုင် ချစ်မဲ့သူပါဆိုတာ

    ချစ်သူသိအောင်.သစ္စာပြုပါတယ်

    ချစ်သူသိပါစေ…………………..>>။
     ♥♥♥  Chit Nyein ♥♥♥

    Read more ...

    Friday, July 6, 2012

    နှင်းဆီ


    ရှေးတုန်းကဆိုရင်..နှင်းဆီပန်းက
ိုအလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့.......

    သင်္ကေတအဖြစ် ၊ သတ်မှတ်ခဲ့ကြတယ်........။

    သမိုင်းတစ်လျှောက်မှာလဲ......နှင်းဆီပန်းလောက်.......

    လူတွေနှစ်သက်မြတ်နိုးခံခဲ့ရတဲ့ ။

    တန်ဖိုးထားခံခဲ့ရတဲ့ ။ ။

    သီချင်းဖွဲ့ဆိုခံခဲ့ရတဲ့ ။ ပန်းမျိုးဟာရှားပါတယ် ။......။

    နှင်းဆီပန်းနဲ့ပတ်သက်ပြီး........စာပေတွေ ၊

    ယဉ်ကျေးမှုတွေ ၊ သမိုင်းဝင်အဖြစ်အပျက်တွေ.........

    တစ်ခန်းတစ်နားပေါ့......။

    BC 612 လောက်က ဂရိအမျိုးသမီးစာဆို

    Sapphc ဟာ နှင်းဆီပန်းအကြောင်း.....

    ပထမဆုံး ဖွဲ့သီတဲ့စာဆိုဘဲ ၊၊

    နောက်ပြီး 14 ရာစုက

    နှင်းဆီပန်းနဲ့ပက်သတ်ပြီး စပ်ဆိုခဲ့တဲ့.......

    Le Romaunt bela Rose

    ဗျာလက်ရေးမူတောင်ရှိသေးတာတဲ့ ။.......။

    ခုတော့ကုန်းဘောင်ခေတ်နှောင်းပိုင်းက

    မြန်မာစာဆိုတွေ အစောဆုံးဖွဲ့ဆိုခဲ့တဲ့

    ကဗျာတွေထဲကတစ်ပိုဒ်နဲ့နှုတ်ဆက်လိုက်ပါတယ်.............။

    နှင်းဆီကယဉ် ၊ သဇင်ကပြုံး

    အပွင့်မှာတော်ဝင်ပ

    အပင်မှာ ဘယ်အတွက်ကြောင့်

    ဆူးဖက်ရသတုန်း ။........။
    Read more ...

    သို့…သူငယ်ချင်း


    သူငယ်ချင်းရေ

    မင်း ဘယ်ဆီကိုရောက်ရောက်

    တူညီတဲ့ ဟောဒီမိုးကောင်းကင်အောက်မှာ

    မင်းလျှောက်ခွင့်ရဖို့

    မြန်မာပြည်သားမင်းမိဘများက

    အသက်တွေနဲ့ရင်း

    ဘ၀တွေကို တံတားခင်းပေးထားလေတယ်။

    လျှောက်ပေါ့သူငယ်ချင်းရယ်

    လျှောက်သောသူရောက်သတဲ့

    လမ်းလျှောက်ရင်းတော့

    လမ်းမပျောက်စေနဲ့ပေါ့

    နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ

    အတုယူစရာတွေကများ

    ဆေးတစ်ပါးဖြစ်သလို

    ဘေးများလည်းပေါတဲ့နေရာ

    တရိပ်ရိပ်တတ်လာတဲ့ခေတ်ကြီးမှာ

    အမြဲထိန်နေတဲ့မီး

    တစ်ချိန်လုံးလာတဲ့ရေ

    နောက်ဆုံးပေါ်စည်းစိမ်တွေနဲ့

    မိုးမျှော်တိုက်ကြီးတွေရဲ့ကြား

    မင်းစိတ်တွေမှောက်မှားနေမှာစိုးတယ်

    ပညာတွေဘယ်လောက်တတ်တတ်

    စည်းစိမ်ဥစ္စာတွေဘယ်လောက်ရှိရှိ

    အသိမရှိရင်

    အနှစ်မရှိတဲ့ကြက်ဆူလို

    ဟင်းမဖြစ် ထင်းမဖြစ်နဲ့

    နောင်တစ်ချိန်မှာစိတ်ညစ်နေရတတ်တယ်။

    မမေ့ပါနဲ့သူငယ်ချင်းရယ်

    မြန့်မာ့အမွေအနှစ်တွေနဲ့

    မြန့်မာ့ရိုးရာဓလေ့

    သိပ်ချစ်စရာတွေနဲ့ပြည့်နေသလို

    မင်းမိဘများရဲ့အိမ်

    တဲအိမ်မဟုတ်

    ပျဉ်ထောင်အိမ်မဟုတ်

    တိုက်အိမ်မဟုတ်

    မီးမမှန် ရေမမှန်

    ခေတ်မဆန်ပေမယ့်

    ၂၄ နာရီလင်းထိန်

    မေတ္တာဓာတ်နဲ့ဆောက်ထားတဲ့အိမ်

    တစ်ချိန်မှာမင်းပြန်လာနိုင်ဖို့

    အားလုံးကမေတ္တာပို့ဆုတောင်းနေကြတယ်။

    Read more ...