Blogger Widgets
  • Followers

    Saturday, July 7, 2012

    ချစ်သူသိစေ



    ငိုကြွေးသွားသောလှတစ်မျက်နှာကြောင့်

    ငါ့တစ်သက်စာ ထိခိုက်နာကျင်မှုတွေရသွားတယ်ဆိုရင်

    ဘယ်သူယုံမှာလဲ……

    နာကျင်မှုတွေ ငါမပေးပါပဲ

    ဘာကြောင့် .ချစ်သူဆီ ရောက်ရောက်သွားရသလဲဆိုတာ

    ငါ အခုထိ တွေးလို့ အဖြေ မထွက်သေးဘူး

    လူဆိုတာခြောက်ပစ်ကင်း သဲ လဲ စင် ဆိုတာမျိုး မရှိနိုင်ဘူးဆိုပေမဲ့

    ငါ ချစ်သူ အတွက် အရာရာ ရိုးသားချင်သူပါ

    ဘယ်လောက်ချစ်ပါတယ်ဆိုတာကို

    တိုင်းတာ ပြဖို့ ပေတံမရှိပေမဲ့

    ငါ အရမ်းချစ်ပါတယ်ဆိုတာထက် အရမ်းချစ်ပါတယ်

    အတိတ် အနာဂါတ် ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါးလုံးမှာ

    ငါ့ချစ်ခြင်းတွေကို

    ရိုးသားမှုတွေနဲ့ကျားကန်

    ငါ သက်ဆုံးတိုင် ချစ်မဲ့သူပါဆိုတာ

    ချစ်သူသိအောင်.သစ္စာပြုပါတယ်

    ချစ်သူသိပါစေ…………………..>>။
     ♥♥♥  Chit Nyein ♥♥♥

    Post Comment

    No comments:

    Post a Comment