Blogger Widgets
  • Followers

    Sunday, July 8, 2012

    တူညီမှု (ကဗျာပြိုင်ပွဲအတွက်)


    တူညီမှု
    ……………..
    နူးညံ့တဲ့အမေရဲ့လက်က
    နွေးထွေးခဲ့တယ်ဆိုရင်
    ကြမ်းတမ်းတဲ့အဖေရဲ့လက်က
    ငါတို့ကိုလုံခြုံစေခဲ့တယ်…..။
    အသက်ပေးပြီး……
    သားသမီးကိုစောင့်ရှောက်ခဲ့တဲ့
    အမေ့ရဲ့မေတ္တာတွေက
    ရှင်သန်ခဲ့တယ်ဆိုရင်……
    ကြမ်းတမ်းတဲ့ဘဝပင်လယ်မှာ
    ရုန်းကန်ပြီးပျိုးထောင်ပေးခဲ့တဲ့
    အဖေရဲ့မေတ္တာတွေက
    ငါတို့ရဲ့ဘဝတွေကို
    ပြည့်စုံစေခဲ့တယ်………။
    ကြီးမားတဲ့အားနှစ်ခုက
    တူညီတဲ့မေတ္တာရေတွေ
    သားသမီးများရဲ့ဘဝတွေကို
    ပက်ဖျန်းပေးခဲ့ပြီး…….
    သင်္ခါရတစ်ခုရဲ့ပုံဖော်မှု
    အဖေအမေတွေရဲ့ဘဝတွေရော…..။ 

    Post Comment

    No comments:

    Post a Comment