Followers
Sunday, September 9, 2012
Saturday, September 8, 2012
ရင်ခုန်ဖွယ် sunday
ဟိုတုန်းကပေါ့
ခုလိုsundayညနေဆို
ဘောကန်ရေချိုး ထမင်းဆိုင်ကိုအမြန်ဒိုးလို့
မောင်းထိုးဖို့အပြေးအလွှား
ကြေးစာရွက်အတွက် ဂျာနယ်နဲ့မျက်နှာအပ်ခါ
စီးကရက်သောက် ဂစ်တာခေါက်ရင်း
မောင်းပေါက်ဖို့စိတ်ကူးတွေယဉ်ခဲ့တယ်လေ........။
မျှော်လင့်ချက်တွေနဲ့လက္ဘက်ရည်ဆိုင်ထိုင်
ရင်ခုန်စွာကြည့်ခဲ့ရတဲ့(premier league)
ကိုယ်ရွေးတဲ့အသင်းအားပေးရင်း
တောက်တခေါက်ခေါက် ခေါင်းမီးတောက်ခဲ့ရတဲ့sunday.........။
မန်ယူနဲ့အာဆင်နယ်ကို
အာဆင်နယ်အတွက်သွေးကြွေးဆပ်ဖို့
ပယ်ပယ်နယ်နယ်ကိုပေါင်ပြီးလောင်းလိုက်တယ်
ကြေးကတစ်လုံးငါးဆယ်ရှုံး
သို့သော်
အလုံးသုံးဆယ်အသွင်းခံရမှတော့
ကျွန်တော့ဘ၀ဘာဖြစ်သွားလဲ
စဉ်းစားကြည့်ကြပါတော့ဗျာ..............။
ချစ်သူငယ်ချင်းရေ
ချစ်သူငယ်ချင်း
မင်းလျှောက်မယ့်လမ်း ဘယ်လိုပင်ကြမ်း
မင်းရည်ရွယ်ချက် ပန်းတိုင်ရောက်အောင်
လှမ်းလျှောက်နေပါ………။
ဘ၀တကွေ့ ကြုံတွေ့ရမယ့်
အခက်အခဲတွေ ဘယ်လောက်ပင်များ
ကြုံလာသမျှ အခက်အခဲများ
မင်းအပြုံးနဲ့ ဆီးကြိုလိုက်ပါ……။
မင်းရည်မှန်းချက် မရောက်ခင်ချိန်
အဖျက်အမှောက် ကြုံလာရမှာ
ဓမ္မတာမို့ မတုန်လှုပ်နဲ့
ကျော်လွှားရမှာ မင်းတာဝန်ပါ….။
မင်းဘေးကနေ ကောင်းတူဆိုးတူ
အစဉ်ထာဝရ ရှိနေပေးမယ့်
သူငယ်ချင်းကောင်း ငါတစ်ယောက်ပါ
အားတင်းထားလိုက် ချစ်သူငယ်ချင်း………။
တနေ့တချိန် မင်းရည်မှန်းချက်
ရောက်လာခဲ့သော် မာန်မာနများ
မထောင်လွှားနဲ့ ပြုတ်ကျတတ်တယ်
သူငယ်ချင်းရေ ……….။
လူအောက်ကျို့လို လူမပိသေ
ဆိုတဲ့စကား မင်းကြားဖူးမှာ
ထိုစကားလေး နားထဲစွဲနေ
ချစ်သူငယ်ချင်းရေ………….။
Friday, July 20, 2012
တောသူ
ပဒုမ္မာ ကြာနံ့သင်း
ကန်တွင်းက ရေသယ်သူ
ကျေးလက်ရွာသူ။ ။
လယ်ဘေးကမူ
ကိုလူပျိုထိုင်စုဝေး
ပုလွေကို ကြူကြူမှုတ်တယ်
ခွန်းနှုက်တေး။ ။
ခေါင်ရမ်းနီ အသာခူး
မယ့်နဖူး ပန်ကာဆင်
ရှု့လို့ပိုယဉ်။ ။
မောင်ကြီးကိုမြင်
ညဏ်ဆင်လို့ သူပြေး
မောင်ကြီးပျို အသာလိုက်တော့
မောဟိုက်မိသေး။ ။
ရွာအ၀င် ၀ါးရုံနီး
မောင်ကြီးက ဆီးကာကြို
တောကအပျို။ ။
ချစ်ရေးကိုဆို
မူပိုလို့ ရှက်ရောင်သမ်း
ပါးကွက်ညို ချွေးစိုစို့အောင်
ရဲလို့နီမြန်း။ ။
Thursday, July 19, 2012
ကျောင်းသွားဖော်

ကျောင်းတက်သွားဖို့ဟန်ရေးပြင်
အမြဲ သူပါဝင်
ပခုံး တွင်မေးတင်ချိတ်
လမ်းမှာတရေးအိပ်။ လွယ်အိတ်ကလေးထတော့ကွာ
ကျောင်းကို ရောက်လို့လာ၊
တို့နားမှာ အမြဲရှိ
လိုတာထုတ်ပေး ၏။
အလိုက်သိတဲ့ကျောင်းသွားဖော်
စာသင် ရာမှာပျော်
တို့များခေါ် ကျောင်းတော်သား
"မောင် လွယ်အိတ် တဲ့ဗျား ။ ။
သိုးကျောင်းသားအချစ်
ကြေကွဲစွာ နားလည်ခဲ့တယ်
အချစ်ဆိုတာ
ရက်စက်တဲ့ နတ်ဖုရား
တောမှာဖွားလို့
ခြင်္သေ့မရဲ့ နို့စို့ပြီး
ကြီးပြင်းလာသူပါလားကွယ်။
သူ့ရဲ့ တောက်ပတဲ့ မီးလျှံ
ငါ့ကို ရိုးတွင်းခြင်ဆီအထိ
လောင်ကျွမ်းစေခဲ့တယ်။
ညမျက်ခုံးအောက်က
စူရှမာကြောတဲ့ အကြည့်နဲ့ ကြည့်သူရယ်
မင်းရဲ့ သိုးကျောင်းသားရင်ခွင်
တစ်ခါလောက် ပြန်ဝင်ပါဦးလား
တစ်ခါလောက် နမ်းပါဦးလား
ဪသာ်.. အချည်းနှီးအနမ်းဆိုတာလဲ
ကြည်နူးမှုကို ပေးစွမ်းတာပါပဲ
ရက်စက်တဲ့မိန်းကလေးရယ်..။
သီယိုကရီးတပ်စ်
(ဘီစီ ၃၀ဝ-၂၅၀ခန့်)
Friday, July 13, 2012
အချစ်ဆုံး .. သူလေး.....
သိပ်ချစ်ခဲ့တာပါ
ရင်ခွင်တစ်ခုလုံး
သွေးပွက်ပွက်အန်တဲ့အထိ
အိတ်သွန်ဖာမှောက်
ခံစားခဲ့မိတယ်.
မင်းနဲ့
ကိုယ်ဆိုတာ.....
အရာရာဆန့်
ကျင်ဘက်
အချစ်ကို
အနိုင်ရဖို့ ထက်
မင်းအကြောင်းအိပ်မက်က
အရေးကြီးတယ်.
တကယ်ပါ
ချစ်သူ ရယ်
ဒီလောကကြီးထဲမှာ
မရှိခိုးနိုး
မျက်နှာမျိုးနဲ့
မင်းကို
တိတ်တခိုးမြတ်နိုးခဲ့ရတာ
ရင်နာတယ်.......
သုညတောင်
ထက်ပိုင်းချိုးခံရတဲ့ ဘ၀မျိုး
အဲဒီနေ့
ရက်တွေမှာ
အငြိုးကြီးတဲ့
အမုန်းမီးတွေနဲ့
ထပ်ပြီ.......
မီးလောင်တိုက်မသွင်းလိုက်ပါနဲ့
ချစ်သူ.
ကိုယ့်အတွက်
ကြယ်စင်အသင်္ချေ
က
ပန်းညများစွာမှာထွန်းလင်း
နီယွန်ထက်သာတဲ့
လမင်းတော့ ရှိမယ်
အဲဒီလို
ညမျိုးနဲ့
လမ်းနံဘေးအရိုင်းပန်းတွေချိုး
မင်းကို
မြတ်မြတ်နိုးနိုး ပန်ပေးချင်မိတယ်.
ဒါပေမယ့်
ချစ်သူရယ်
စုန်းကိုက်ခံလိုက်ရတဲ့
စိတ်ကူးယဉ်အပိုင်းအစတွေ
ကိုယ့်သံသရာ
တစ်လျှောက်
ဘယ်လောက်တောင်
ကြွေနေရဦးမလဲကွယ်.
ကိုယ့်မှာ
ရှိတဲ့ သံယောဇဉ်
အပြင်အဆင်
နည်းလွန်းလို့ လား ချစ်သူ.
အချိန်ရှိတိုင်း
အတွေး
စုတ်ဖွား
အလွမ်းဖျားက
တစ်ကိုယ်ရေတစ်ကာယ
မင်းကို
သတိရတိုင်း အပူကြီးတယ်.
ခဏလေးပါ.....
ချစ်သူ
အရာရာဖြူဝေလွင့်ပါး
မင်း
အရိပ်ပါးပါးလေးနဲ့ ပဲ
ငါ
...... ချစ်နိုင်ခဲ့ပါပြီ.
အမှားများတဲ့
ငါ့လက်ဖျားတွေနဲ့
မင်းနှလုံးသားတံခါးကို
မခေါက်သင့်မှန်း
နားလည်ပါတယ်.
%
Thursday, July 12, 2012
မရှိတော့မှ သိလာခဲ့တဲ့ သံယောဇဉ်
အာဒံ ရေ
အချစ် ဆိုတာ
ကမ္ဘာဦး အစက
ဘယ်လို ဖြစ်ပေါ်လာ သလဲ
ဘယ်လို ခံစားမိလိုက်
သလဲ
ဘယ်လို လှုပ်ခက် သွားသလဲ
အာဒံ သိလိုက်မယ် မထင်ပါဘူး။
အချစ်ဆိုတာ မထင်မှတ်ပဲ
ဖြစ်ပေါ်လာတတ်တယ် . . . .
.ဆိုရင်
အချစ်ရဲ့ နားခိုမှု အထိ
အတွေ့ကို
မခံစားဖူးသေးတဲ့
ရင်ထဲ နှလုံးသား
ကိုင်းဖျားလေးမှာ
အချစ်ဆိုတဲ့ ငှက်ကလေးတစ်ကောင်
ညင်သာစွာ လာရောက်
နားခိုချိန်မှာတော့
ကျွန်တော် သတိ မထား
မိလိုက်သေးပါဘူး
အချစ်ငှက်ကလေး
ပျံသန်းသွားချိန်မှာတော့
ကျွန်တော့ရဲ့
နှလုံးသားကိုင်းဖျားလေး
လှုပ်ခါပြီး ကျန်ခဲ့လေရဲ့
အာဒံရယ်။
နောင်တသည် နောင်မှရလို့
လက်မှိုင် ချမိသလိုပါဘဲ
သံယောဇဉ်ရဲ့ တန်ဖိုးနဲ့
အချစ်ရဲ့ တန်ဖိုးဆိုတာ
မတွေ့ရတဲ့ ရက်ကျမှ
နားလည်လာသည်
မဟုတ်ပါလား
အာဒံရယ်
Sunday, July 8, 2012
အွန်လိုင်းပေါ်ကအချစ် နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု
အွန်လိုင်းပေါ်ကအချစ်
နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု ။
အွန်လိုင်းအချစ်က
ပိုဆိုးတယ်နော် ။ မျက်လုံးမမြင်ရဘူး ကြားခံနည်းပါးတယ်။
နှလုံးသားနဲ့ဦးဏှောက်တိုက်ရိုက်ရောက်တာ
။ အသည်းနုတဲ့လူ
စိတ်ထားဖြူတဲ့လူတွေ
မေတ္တာငတ်နေတဲ့သူတွေ ၊ ဖော်ကွာဝေးနေတဲ့သူတွေအတွက်တော့
သိပ်ကိုစိတ်မကောင်းစွာနဲ့ရင်နာရပါတယ်
ကြေကွဲရပါတယ် ငိုကြွေးရပါတယ်
ခံစားချက်တခုအတွက်ပေါ့လေ
.. ဘယ်လိုခံစားမှုဖြစ်စေ အွန်လိုင်းပေါ်ကနေတွေ့သိကျတော့မမြင်ရဘူး
မကြားရဘူးအတွေ
့အထိမပါပဲ ချစ်နေတဲ့ အချစ်ပဲ ...။
အွန်လိုင်းအချစ်
အတွေ့ အထိပါနေရင်တောင်
ဒါကိုသာယာလို့ ဖြစ်ချင်ဖြစ်နိုင်သေးတယ်
ဘာအတွေ့ အထိမှမရှိပဲ
စိတ်ထဲကနေ ချစ်နေတဲ့အချစ် အင်းသေချာတယ်
တစ်ဖက်ကညာတာလည်း
မသိ
လိမ်တာလည်းမသိသူနဲ့ကိုယ်နဲ့ချစ်နေတာသာသိတာနော်
ဖြူစင်မှု ညစ်နွမ်းမှု
သူပြောသလောက်ပဲ ကိုယ်ကသိရတာလေနော်
အွန်လိုင်းပေါ်ကနေ
ခင်မင်ရင်နှီးချစ်ခင်မိကျတော့
အချိန်ကုန် စိတ်ပင်ပမ်းနွမ်းနယ်
စားချိန်မေ့ အိပ်ချိန်မေ့
ဘယ်အချိန်များလာမလည်း
သူဘာလုပ်နေလည်း
သူအတွက်စဉ်းစားပြီး စောင့်မျှော်နေရတယ်
ဒီကြားထဲ လိုင်းမကောင်းတော့လည်း
စိတ်ပင်ပန်းရသေးတယ်
ထမင်းမကျက်သေးတဲ့အချိန်မှာ
ဘေးနားမှာရှိနေတဲ့ ကလေး ဗိုက်ဆာလို့
အော်ငိုနေသလိုပေါ့
။
ကိုယ်ကတွေ့ချင်ပြောချင်
ဆိုချင်လိုင်းကမကောင်း တော်တော်စိတ်ပင်ပန်းစွာနဲံ့ချစ်ရတဲ့အချစ်ပါ....
သူငယ်ချင်းလေးအပေါ်ဖြစ်ဖြစ်.ချစ်သူရည်းစားအပေါ်ဖြစ်ဖြစ်
ကိုယ်ကရင်ထဲရှိတာဖွင့်ဟပြောချင်သူတို့ မအားတာလား ပုန်းနေတာလား
ဘလော့ထားလား စောင့်နေရင်း
စိတ်မောစွာနဲ့ စစ်ကြည့်ရသေးတယ်လေနော်
ကိုယ်ဘက်ကသာ ခင်မင်တွယ်တာနေတာ
ချစ်ခင်ရင်းနှီးနေတာ
တဖက်လူကကိုယ့်က
ိုရင်းနှီးချင်လား ခင်မင်ချင်လား
စကားပြောချင်လား
တကယ်ချစ်လားဆိုတာ မသိပဲပြောဆိုနေကျရတာလေ ။
အွန်လိုင်းပေါ်ကနေ
ဖြူဖြူစင်စင် တကယ်ချစ်နေတဲ့လူတွေအတွက်
သိပ်ကိုစိတ်မကောင်းစွာနဲ့ဖြစ်ရတာပေါ့နော်
သူတို့ရင်ထဲမှာအပြင်ကသူငယ်ချင်းထက်
ပိုခင်မင်မိကျတယ်
ရင်းနှီးမိကျတယ်။
ချစ်သူချင်းဆိုလည်း
ချစ်တော့ချစ်တယ် ။ သူမရှိဘူးဆိုသလိုပဲ
သူဂျီတော့လေးစိမ်းနေရင်ပျော်
၊ ၀ါနေရင်နွမ်း ၊ပျောက်နေရင်ပင်ပမ်း
စိတ်မောစွာနဲ့
မျှော်နေကြရတာ အပြင်မှာချစ်တဲ့အချစ်ထက် ပိုဆိုးပါတယ်
အွန်လိုင်းကအချစ်
တစ်ကယ်ချစ်တဲ့ လူတွေသိပ်ကို ခံစားကြေကွဲရတာကြတော့အပြင်မှာချစ်တဲ့ အချစ်ထက်
သာပါတယ် ။
အတွေ့အထိ လွတ်ကင်းတယ်။
အမြင်အာရုံမပါဘူး
စိတ်ခံစားမှု့ သက်သက်မို့ အွန်လိုင်းပေါ်ကအချစ်က တော်တော်ပြင်းထန်ပါတယ်
နှလုံးသားလေး တိုက်ရိုက်ဆက်သွယ်ထားပါတယ်။
ပြီးမှဦးဏှောက်ကို
သတင်းပို့ပါတယ်။
နောက်မှတဆင့်တက်
အသံလေးနားထောင် ဗီဇက်အိုလေးကြည့်
ရင်ထဲ တော်တော်ငြိပါတယ်
။
ဒါကြောင့်အွန်လိုင်းပေါ်မှာ
လှည့်စားတာလိမ်ညာတာ
ကောက်ကျစ်တာ ဟန်ဆောင်တာ
၊ ပြောတာမယုံကြည်တာ
ပြောဆိုတာမှန်သမျှ
ယုံကြည်နေကြတယ် တစ်ဖက်ကဟာသလုပ်နေတာ
တကယ်စနောက်နေတာ
တစ်ဖက်ကပျင်းလို့ အပျင်းပြေရည်းစားစကား လိုက်ပြောနေကြတာ
တကယ်အသည်းနုတဲ့သူ
တွေ စိတ်ထားဖြူစင်တဲ့သူတွေ အွန်လိုင်းအချစ်မှာ
ကြေကွဲရင်နင့်ရပါတယ်
ငိုကျွေးမောပမ်းရပါတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ တကယ်ချစ်မိတဲ့သူ
တကယ်ခင်မင် တွယ်တာတဲ့သူ
သူငယ်ချင်းမေတ္တာ ၊
ချစ်ခြင်းမေတ္တာ
ငတ်နေသူ ဝေးတနေရာက ဝေးကွာနေသူတွေ ၊ ဖော်ကွာဝေးနေသူတွေအတွက်
စိတ်မကောင်းစွာနဲ့
ဒီစာလေးရေးမိခြင်းဖြစ်ပါတယ်
သူငယ်ချင်းတွေ
ချစ်သူတွေ
သိရှိခံစားနိုင်ကျပါစေ
အားလုံးကိုရင်းနှီးခင်မင်စွာနဲ
့
သူငယ်ချင်းများပျော်ရွှင်ကျမ်းမာကြပါစေ။
အချစ်အတွက်
~~~~~~~~
ဘ၀ကတိုက်ပွဲ ၊
အချစ်ကလိုက်ပွဲ..
လိုက်ပွဲက ဟင်းအရံပေါတယ်...
စားလို့  မမိန်ရင်မိန်တဲ့ဟင်းခွက်ကောက်နှိုက်စား
ရတာဘဲ
တိုက်ပွဲ ကတော့ကြုံလာတဲ့လောကဓံ
ကိုယ်တယောက်ထဲ
ကြံ့ကြံ့ခံ တိုက်ရတယ်
... ။
ဒီပွဲက
ကျွန်တော်ရှုံးတယ်ဆိုပြီးပြစ်ထားလို
့မရဘူး
နိုင်တယ် ဆိုပြီးလည်း
ပျော်လို့ မဖြစ်ဘူး
နောက်တစ်ကြိမ်
ဘယ်လိုပုံစံနဲ့ 
လာမလည်း ကိုယ်
မမြင်မသိဘူးနော်
လာလာသမျှ လောကဓံ
ကြံကြံခံနိုင်ဖို့လိုအပ်တာပါ.........။။
မ..မ
လွမ်းလို့ နေတယ် အိန်ဂျယ်ရယ်

မိုးတိမ်တွေငိုမှ ငါလွမ်းနေကြောင်း မပြောဖြစ်ခဲ့ တာ
ငါတွေးရင်း အတိတ်ကိုမြေဖွ နေစရာမရှိတဲ့ နင့် ရင်ခွင်ကို
ခပ်ရေးရေး မြင်ယောင်ရင်းအလွမ်းတွေ မြေခ ငါသိက္ခာတွေခါချပြီး
မာနတွေခဝါချ အသက်ပျောက်ခဲ့ တဲ့ ရင်ခုန်သံတွေအတွက်
တိတ်တခိုးအဆွေးတွေနဲ့  ငါ့ ဘဝ ပြာကျခဲ့ ရတယ် ချစ်သူ... (ှSungsah)
အရည်ကြည်ပေါက်တဲ့ အထိ ငါ့ ဘဝ တစ်လျှောက်ရှာခဲ့ ဖူးရဲ့ 
မတွေ့ ခဲ့ ပါဘူး နင်ပြောတဲ့ အချစ်မျိုး ငါ့ ရင်ဘတ်ထဲမှာတော့  ရိုးနေပါပြီ
ဒီစကားတွေက ရီရတယ်နော်လို့ ပြောရင် နင်ထပ်ငိုဦးမယ်..ကောင်လေးရယ်
ကောင်းကင်က ကြယ်ကိုခြွေခွင့် ရမှာထက်
နင့်ရင်က အသနားခံ ယုံကြည်ခွင့် ရဖို့  ငါဘယ်လောက်ထိ
ကြိုးစားရမှာလဲ မသိပေမယ့်  နင်ပေးတဲ့ နာကျင်မူ့ တွေကိုပဲ ခံတပ်အဖြစ်
ချနင်းပြီး နင့် ဆီလာဖို့  ငါကြိုးစားတိုင်း လဲကျသွားတဲ့  မျော်လင့် ချက်တွေကို
အကြိမ်ကြိမ် ပြန်ထူရင်း ငါရဲ့  ခြေလှမ်းတွေက နင်ရှိတဲ့  အရပ်ဆီသို့ ပါပဲ ချစ်သူ.. (luannaythu)
ကြယ်ခြွေမယ့်  စိတ်ကူးကိုပဲ အကောင်အထည် ဖော်လိုက်ပါချစ်သူ
ငါ့ ရင်က ယုံကြည်မူ့ ကိုတော့  တူးဖော်မနေပါနဲ့ တော့ 
နှလုံးသားရဲ့  အနက်ရှိုင်းဆုံး နေရာကကို ယုံကြည်မူ့ ကင်းမဲ့  သွားခဲ့ တာမို့ 
ချစ်ခြင်းအပေါ် ငါအမြင်တွေ တော်တော်ကို စောင်းသွားခဲ့ ပြီ
အချိန် ရာသီနဲ့  နာရီတွေက ကုစားမယ်လို့ လည်း နင်မတွေးပါနဲ့ တော့ 
ငါတို့ ဝေးဖို့ ကိုပဲ လိုလားတယ်... (အိန်ဂျယ်)
လက်ခံတဲ့  ချစ်ခြင်းအတွက် စွန့် ပစ်ခြင်းတရားတွေ
ခါးခါးသီးသီးဝင်လာပေမယ့်  မခါးသီးတဲ့  ချစ်ခြင်းတွေက နင့် အတွက်
တစ်သီးတစ်သန့် ရှိနေခဲ့ တာ နင်ရဲ့ ငြင်းပယ်မူ့ တွေကြောင့်  အကြိမ်ကြိမ်ကြွေမွခဲ့ တဲ့ 
ခံစားချက် အပိုင်းအစတွေ နင်လက်မခံတဲ့  အချစ်တွေအတွက်
စွန့်ပစ်ခံချစ်ခြင်းတွေကို မျိုသိပ်လိုက်ရုံမှတပါးအခြားမရှိ ဘယ်တော့ မဝေးတော့ မဲ့ 
ဝေးကွာခြင်း တစ်နည်းအားဖြင့်  သတိရနေခြင်း လမ်းကို ငါရွေးချယ်ခဲ့ ရပေမယ့် 
ငါရင်ထဲမှာတော့ နင်က မပြောင်းမလဲ အမြဲရှိနေမယ့် 
ထာဝရ ငွေလမင်း ပါပဲ ချစ်သူ......... (luannaythu)
မပြောင်းလဲတဲ့  ငွေလမင်းတဲ့ လား ချစ်သူ
နင်မသိတာလဲ မဟုတ်ပဲဟာ ကမ္ဘာ့ ဂြိုလ်ကလွဲလို့ 
ကျန်တဲ့ ဂြိုလ်တွေဆီမှာ အရံလ တွေပေါမှပေါ နင်တို့ မလိုလားတဲ့ အချိန်မှာ
ငါဆိုတာလည်း ဒီသဘောကို သက်ရောက်စေမယ်ဆိုတာ
ခံစားသိနဲ့  ငါသတိရှိနေတယ် ဝေးကွာခြင်းကို ပေးပါချစ်သူ သတိရခြင်းတွေ
နင်အပိုင်းယူနိင်ပါတယ်...
ငါမယုံတဲ့  ချစ်ခြင်းတွေနဲ့  ရင်ခုန်သံတွေသေဆုံးစေတဲ့  နင့် အနားက
ထွက်သွားခွင့် ကိုပဲ ငါလိုလားတယ်.....
နင်ချစ်ခြင်းက ငါ့ ကိုမပျော်စေမှတော့  ငါ့ ချစ်ခြင်းကို တမ်းတမနေပါနဲ့ တော့ 
မယုံကြည်ခြင်း အမှောင်တွေ ဖုံးပြီဆိုမှတော့  မုန်းပြီလို့  ငါမပြောရက်ခဲ့ 
နှုတ်ဆက်ခြင်းကိုပဲ ရွေးမယ် ဇာတ်လမ်းတွေ အခုချက်ချင်း ရပ်ပေး (အိန်ဂျယ်)
အမှားအမှန်းတစ်ခုကို အကြောင်းစုံစွာ
နင်သိစေဖို့  ငါတောင်းပန်ချင်ပေမယ့် လဲ ဗလောင်ဆူတဲ့ နင်ရင်ဘတ်ထဲမှာတော့ 
ရှင်းပြခွင့် ဆိုတာ တစ်ခုမှမရ နာကျည်းခြင်းတွေ ရင်ထဲစုတည်
လမ်းခွဲခြင်းကို ကဗျာတစ်ပုဒ်နဲ့  နင့် ငါ့ အပေါ် အဆုံးသတ်သွားခဲ့ လည်း
ငါလေး........တိုးတိုးလည်းပဲ တမ်းတနေမယ် အမှန်းတရားကို နင်သိလာတဲ့ တနေ့ 
ငါရင်ခွင်ဆီ ပြန်လာခဲ့ ပါနော် " အိန်ဂျယ်"...
အပြုံးမျက်ဝန်းမှ အမုန်းမျက်ရည်စများ.............!
မရွာဖြစ်သေးတဲ့ မိုးတိမ်တွေရယ်
ငါ့ရဲ့ကောင်းကင်ယံမှာမှ
ဘာလို့များ
တိမ်ညိုတွေ အုံ့မှိုင်းနေရတာလဲ
လေးလံနေတဲ့ခံစားချက်တွေက
တကယ်တော့
မင်းပေးခဲ့တဲ့ အပြုံးတွေပါပဲ
ရင်ထဲမှာ ငွေ့ရည်ဖွဲ့ပြီးမှ
အပြင်မှာရွာတဲ့ မိုးကို
ဘာလို့များ
မျက်ရည်လို့ သတ်မှတ်ခဲ့ကြတာလဲ
အခုတော့
အပြုံးမျက်ဝန်းမှာ
အမုန်းမျက်ရည်စတွေနဲ့
ဘယ်အချိန်မှာ တိတ်မယ်မှန်းမသိတဲ့
မိုးရေတွေလို ရွာသွန်းနေဆဲပါ
တစ်သက်လုံးချစ်မယ်ဆိုတာကို
ပြက်လုံးတစ်ခုလို သဘောထား
မင်းလိုရာပဲ သွားခဲ့ပြီပေါ့
အချစ်ကိုအ၀တ်လို သဘောထား
ရည်းစားတွေများတာကို
မင်းဂုဏ်ယူနေတာလား
တော်ပါပြီကွာ
မပြောတော့ပါဘူး
မရူးသင့်တော့တဲ့အချိန်
တိမ်တွေအောက်မှာ
ငါက နေစရာအိမ်မရှိတဲ့သူဆိုတော့
မင်းအလိုကျ ပြောပြရရင်
မရွာဖြစ်သေးတဲ့ မိုးတိမ်တွေရော
ရွာသွန်းနေတဲ့ မိုးရေတွေရော
တွေရော.......တွေရော
ငါ့ရဲ့ မရှိမဲ့ ရှိမဲ့
လေညှင်းလေးတွေကိုတော့
မဆွတ်ခူးလိုက်ပါနဲ့
လိုချင်တာမရမယ့်အတူတူ
မလိုချင်တာတွေလည်း
မရချင်တော့ပါဘူး
ဒါပေမယ့်
အပြုံးမျက်ဝန်းက
အမုန်းမျက်ရည်စတွေကိုတော့
ရွာသွန်းနေတဲ့ မိုးရေနဲ့အတူ
မမြင်နိုင်လောက်တဲ့
ဟိုး......အဝေးဆုံး
အဝေးဆုံးကို
အဝေးဆုံးထိ
မျှောလွှင့်လိုက်ပါရစေ....။
******************************************
Subscribe to:
Posts (Atom)