အာဒံ ရေ
အချစ် ဆိုတာ
ကမ္ဘာဦး အစက
ဘယ်လို ဖြစ်ပေါ်လာ သလဲ
ဘယ်လို ခံစားမိလိုက်
သလဲ
ဘယ်လို လှုပ်ခက် သွားသလဲ
အာဒံ သိလိုက်မယ် မထင်ပါဘူး။
အချစ်ဆိုတာ မထင်မှတ်ပဲ
ဖြစ်ပေါ်လာတတ်တယ် . . . .
.ဆိုရင်
အချစ်ရဲ့ နားခိုမှု အထိ
အတွေ့ကို
မခံစားဖူးသေးတဲ့
ရင်ထဲ နှလုံးသား
ကိုင်းဖျားလေးမှာ
အချစ်ဆိုတဲ့ ငှက်ကလေးတစ်ကောင်
ညင်သာစွာ လာရောက်
နားခိုချိန်မှာတော့
ကျွန်တော် သတိ မထား
မိလိုက်သေးပါဘူး
အချစ်ငှက်ကလေး
ပျံသန်းသွားချိန်မှာတော့
ကျွန်တော့ရဲ့
နှလုံးသားကိုင်းဖျားလေး
လှုပ်ခါပြီး ကျန်ခဲ့လေရဲ့
အာဒံရယ်။
နောင်တသည် နောင်မှရလို့
လက်မှိုင် ချမိသလိုပါဘဲ
သံယောဇဉ်ရဲ့ တန်ဖိုးနဲ့
အချစ်ရဲ့ တန်ဖိုးဆိုတာ
မတွေ့ရတဲ့ ရက်ကျမှ
နားလည်လာသည်
မဟုတ်ပါလား
အာဒံရယ်
No comments:
Post a Comment