Blogger Widgets
  • Followers

    Friday, July 13, 2012

    အချစ်ဆုံး .. သူလေး.....



    သိပ်ချစ်ခဲ့တာပါ
    ရင်ခွင်တစ်ခုလုံး သွေးပွက်ပွက်အန်တဲ့အထိ
    အိတ်သွန်ဖာမှောက် ခံစားခဲ့မိတယ်.
    မင်းနဲ့ ကိုယ်ဆိုတာ.....
    အရာရာဆန့် ကျင်ဘက်
    အချစ်ကို အနိုင်ရဖို့ ထက်
    မင်းအကြောင်းအိပ်မက်က အရေးကြီးတယ်.
    တကယ်ပါ ချစ်သူ ရယ်
    ဒီလောကကြီးထဲမှာ
    မရှိခိုးနိုး မျက်နှာမျိုးနဲ့
    မင်းကို တိတ်တခိုးမြတ်နိုးခဲ့ရတာ
    ရင်နာတယ်.......
    သုညတောင် ထက်ပိုင်းချိုးခံရတဲ့ ဘ၀မျိုး
    အဲဒီနေ့ ရက်တွေမှာ
    အငြိုးကြီးတဲ့ အမုန်းမီးတွေနဲ့
    ထပ်ပြီ.......
    မီးလောင်တိုက်မသွင်းလိုက်ပါနဲ့ ချစ်သူ.
    ကိုယ့်အတွက်
    ကြယ်စင်အသင်္ချေ က
    ပန်းညများစွာမှာထွန်းလင်း
    နီယွန်ထက်သာတဲ့ လမင်းတော့ ရှိမယ်
    အဲဒီလို ညမျိုးနဲ့
    လမ်းနံဘေးအရိုင်းပန်းတွေချိုး
    မင်းကို မြတ်မြတ်နိုးနိုး ပန်ပေးချင်မိတယ်.
    ဒါပေမယ့် ချစ်သူရယ်
    စုန်းကိုက်ခံလိုက်ရတဲ့
    စိတ်ကူးယဉ်အပိုင်းအစတွေ
    ကိုယ့်သံသရာ တစ်လျှောက်
    ဘယ်လောက်တောင် ကြွေနေရဦးမလဲကွယ်.
    ကိုယ့်မှာ ရှိတဲ့ သံယောဇဉ်
    အပြင်အဆင် နည်းလွန်းလို့ လား ချစ်သူ.
    အချိန်ရှိတိုင်း
    အတွေး စုတ်ဖွား
    အလွမ်းဖျားက တစ်ကိုယ်ရေတစ်ကာယ
    မင်းကို သတိရတိုင်း အပူကြီးတယ်.
    ခဏလေးပါ..... ချစ်သူ
    အရာရာဖြူဝေလွင့်ပါး
    မင်း အရိပ်ပါးပါးလေးနဲ့ ပဲ
    ငါ ...... ချစ်နိုင်ခဲ့ပါပြီ.
    အမှားများတဲ့ ငါ့လက်ဖျားတွေနဲ့
    မင်းနှလုံးသားတံခါးကို
    မခေါက်သင့်မှန်း နားလည်ပါတယ်.
    %

    Post Comment

    No comments:

    Post a Comment