Blogger Widgets
  • Followers

    Sunday, July 8, 2012

    အပြုံးမျက်ဝန်းမှ အမုန်းမျက်ရည်စများ.............!


    မရွာဖြစ်သေးတဲ့ မိုးတိမ်တွေရယ်
    ငါ့ရဲ့ကောင်းကင်ယံမှာမှ
    ဘာလို့များ
    တိမ်ညိုတွေ အုံ့မှိုင်းနေရတာလဲ
    လေးလံနေတဲ့ခံစားချက်တွေက
    တကယ်တော့
    မင်းပေးခဲ့တဲ့ အပြုံးတွေပါပဲ
    ရင်ထဲမှာ ငွေ့ရည်ဖွဲ့ပြီးမှ
    အပြင်မှာရွာတဲ့ မိုးကို
    ဘာလို့များ
    မျက်ရည်လို့ သတ်မှတ်ခဲ့ကြတာလဲ
    အခုတော့
    အပြုံးမျက်ဝန်းမှာ
    အမုန်းမျက်ရည်စတွေနဲ့
    ဘယ်အချိန်မှာ တိတ်မယ်မှန်းမသိတဲ့
    မိုးရေတွေလို ရွာသွန်းနေဆဲပါ
    တစ်သက်လုံးချစ်မယ်ဆိုတာကို
    ပြက်လုံးတစ်ခုလို သဘောထား
    မင်းလိုရာပဲ သွားခဲ့ပြီပေါ့
    အချစ်ကိုအ၀တ်လို သဘောထား
    ရည်းစားတွေများတာကို
    မင်းဂုဏ်ယူနေတာလား
    တော်ပါပြီကွာ
    မပြောတော့ပါဘူး
    မရူးသင့်တော့တဲ့အချိန်
    တိမ်တွေအောက်မှာ
    ငါက နေစရာအိမ်မရှိတဲ့သူဆိုတော့
    မင်းအလိုကျ ပြောပြရရင်
    မရွာဖြစ်သေးတဲ့ မိုးတိမ်တွေရော
    ရွာသွန်းနေတဲ့ မိုးရေတွေရော
    တွေရော.......တွေရော
    ငါ့ရဲ့ မရှိမဲ့ ရှိမဲ့
    လေညှင်းလေးတွေကိုတော့
     မဆွတ်ခူးလိုက်ပါနဲ့
    လိုချင်တာမရမယ့်အတူတူ
    မလိုချင်တာတွေလည်း
    မရချင်တော့ပါဘူး
    ဒါပေမယ့်
    အပြုံးမျက်ဝန်းက
    အမုန်းမျက်ရည်စတွေကိုတော့
    ရွာသွန်းနေတဲ့ မိုးရေနဲ့အတူ
    မမြင်နိုင်လောက်တဲ့
    ဟိုး......အဝေးဆုံး
    အဝေးဆုံးကို
    အဝေးဆုံးထိ
    မျှောလွှင့်လိုက်ပါရစေ....။
    ******************************************

    Post Comment

    No comments:

    Post a Comment