Blogger Widgets
  • Followers

    Wednesday, July 4, 2012

    ငါ့အတွက်တော့ ချစ်နေဖို့ပဲလိုပါတယ်



    မင်းရဲ့ငြင်းပယ်ခြင်း ဇာတ်လမ်းအစမှာ
    ငါ့မျှော်လင့်ချက်တွေ ရပ်တန့်ခဲ့.......
    တကယ်ဆို
    ငါဟာ အလွမ်းတွေနဲ့ နေသားမကျသူပါ
    အသည်းကွဲခြင်းနဲ့ အကျွမ်းဝင်မှု မရှိသူပါ ချစ်သူ....
    မင်းနဲ့ နီးစပ်ဖို့ကြိုးစားမိတိုင်း
    ငါ့ယုံကြည်ခြင်းတွေ အပိုင်းပိုင်း ချိုးဖျက်ခံခဲ့ရပေါ့....
    အကျိုးမပေးဘူးလို့ဘဲ ပြောရမလား..?
    ချစ်ခြင်းမှာ ကံမွဲလို့ ဒဏ်ရာတွေချည်းပဲ ဖြစ်တည်ခဲ့တယ်....
    ဒါပေမယ့် ချစ်သူ
    ဝေးကွာခြင်း အကြောင်းတရားဟာ ဘယ်လောက်ပဲ ခမ်းနား..ခမ်းနား
    ငါ ရုန်းထွက်ဖို့ မကြိုးစားမိဘူး.....
    အဲဒီလို မဆုံနိုင်ခြင်းတွေနဲ့
    အချစ်မှာလုံးလုံးလျားလျားရှုံးနိမ့်ခဲ့ရပေါ့...
    တကယ်တော့ အချစ်ရယ်
    ဖြစ်တည်မှုနဲ့ ပြီးဆုံးမှုမှာ ချစ်ခြင်းကဏ္ဍ ကျရှုံးခဲ့ရပေမယ့်
    ငါ့အတွေးတိုင်းမှာ မင်းရှိနေတာက
    အရာရာထက်ပြီးပြည့်စုံခြင်းပါ.....
    “ တကယ်ဆိုရင် ငါ့အတွက်တော့ ... ချစ်နေဖို့ပဲ လိုအပ်ပါတယ်ကွယ် ”


    Post Comment

    No comments:

    Post a Comment