ဘယ်သူမှ မပြောခဲ့ဘူး
မင်းပြောခဲ့တာပါ ချစ်သူ
အချစ်စစ် အချစ်မှန်နဲ့
ဘဝတစ်ခုတည်ဆောက်ကြမယ်ဆိုတာလေ
မင်းမှတ်မိမယ် ထင်ပါတယ်။
လေတိုက်လို့
သစ်ရွက်ကလေးတွေ လှုပ်ရင်တောင်
ထိတ်လန့်တက်တဲ့ ကျွန်မနှလုံးသားကို
'' မောင်'' သားထားသွားရင်
ကျွန်မသေနိုင်တယ် ဆိုတဲ့စကားလဲ
မင်းပြောခဲ့တာပါ။
အခုတော့ ဘာဖြစ်သွားတာလဲ
ငါက မင်းအတွက်
အရေးမပါတဲ့လူတစ်ယောက်ဖြစ်သွားပြီလား?
ရပါတယ် ချစ်သူ
အချစ်ရှိနေရင် အမုန်းလဲရှိမှာပါ
တွေ့ဆုံမှူရင်လဲ လမ်းခွဲမှူဆိုတာလဲရှိမှာပါ
ထားခဲ့လိုက်ပါ ချစ်သူ။
အချစ်ကြီးခဲ့တဲ့အတွက် ခံစားမှူလေးတော့ရှိမှာပါ
မင်းသိအောင် စကားတစ်ခွန်းတော့ ပြောလိုက်မယ်
မကြင်နာလို့
finင်ခါသွားပေမဲ့
ငါလိုလူတစ်ယောက်ကလဲ
ရင်နာနေမှာမဟုတ်ပါဘူး ချစ်သူ။
မင်းကြားဘူးမယ်လို့တော့ထင်တယ်
ယောကျာ်းကောင်းတော့မောင်းမတစ်ထောင်တဲ့
ငါတစ်ထောင်တော့မရှာပါဘူး
မင်းထက်သာတဲ့ သူတစ်ယောက်ကို
ငါရှာပြမယ်။
အခုတော့ ငါ့ရင်ထဲက
မင်းအတွက်ထားခဲ့တဲ့အချစ်တွေကို
အောင်းမြီးထဲကိုစွန့်ပြစ်လိုက်ပြီ
မင်း ဘိုင့်ဘိုင်လို့ နှုတ်ဆတ်ခဲ့သလို
ငါလဲနှုတ်ဆတ်ခဲ့ပါတယ်
တာ့တာ
No comments:
Post a Comment