Blogger Widgets
  • Followers

    Wednesday, July 4, 2012

    မင်းရင်ထဲမှာ..ငါဘာလဲ..



    တစ်လျှောက်လုံး ငါပေးခဲ့တဲ့ နားလည်မှုတွေက

    တစ်ချိန်မှာ  ခုလို နာကျင်ရဖို့လား
    ပထမဆု ကို ပူးတွဲမလိုချင်ပါဘူး
    နှစ်သိမ့်ဆု  လေးကိုပဲ သီးသန့်ပေးပါ
    ငါ့စကားလုံးတွေရဲ့ အသွားအပြန်လမ်းကြောင်းပေါ်မှာ
    နင့်နားလည်မှုတွေ  SLIP    ဖြစ်နေခဲ့တာကြာပါပြီ
    ဘာမှလုပ်ပေးနိုင်စွမ်းမရှိတဲ့  ငါက
    နင့်ကို ဘောင်ခတ်မထားပါဘူး
    လျှော့နည်းစပြုလာတဲ့ ရင်ခုန်သံတွေရဲ့အောက်မှာ
    နင် ငါ့ကိုမေ့နေခဲ့တာ မဆန်းဘူးပေါ့
    ဘယ်အရာမဆို တန်ဘိုးဆိုတာက
    လိုချင်တပ်မက်မှုနဲ့ပဲ အချိုးညီတာလေ
    အရာအားလုံးကို ပြင်ဆင်ဖို့ဆိုရင်
    နံပါတ်တစ်ကိုပြန်သွားရမှာပေါ့နော်
    အရေးတကြီးသိချင်တာတစ်ခုက
    နင့်ရင်ထဲမှာ  ငါဘာလဲ....???..  

    Post Comment

    No comments:

    Post a Comment